ရေကြီး
လောင်းလုံးမြို့အထွက် ညင်းမော်ရွာကားလမ်းမဘေးရှိ ပိုးဇာပင်ဘုရား တောင်ပြိုနေပြီး ရှင်မော်သွားလမ်းမကြီးကို ဖြတ်သန်းသွားဖို့ အတော်ခက်ခဲတဲ့ အနေထားပါ။ တောင်ပြို လူတွေပိတ်မိနေတဲ့ ရွာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေလာဖို့ နောက်ထပ် သတင်းဆိုးတစ်ခု ထပ်ဖြစ်လာပါတယ်။ လောင်းလုံးမြို့ရှိ ကျေးရွာပေါင်း ၇၀ ထက်မနည်းကိုဆက်သွယ်ထားတဲ့ လမ်းမကြီးက ထားဝယ် - ရှင်မော် လမ်းမကြီးတစ်ခုဘဲ ရှိတာပါ။ ဖြတ်လမ်းတွေဖြစ်တဲ့ ကျေးရွာ လမ်းတွေကလည်း ရေတွေမြှပ်နေတာမို့ အခြေအနေက ပိုစိုးရိမ်လာရပါတယ်။
#မုန်တိုင်း
#သတင်း
2 วันที่แล้วแก้ไขแล้ว